| Subcribe via RSS

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ဓါတ်ပုံသတင်း

July 19th, 2010 | Comments Off | Posted in Uncategorized

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဇာနည်နေ့အခမ်းအနားကျင်းပ

July 19th, 2010 | No Comments | Posted in Uncategorized, သတင်း

ရန်ကုန်မြို့- ဇူလိုင် ၁၉၊ ၂၀၁၀။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးအိမ်တွင် ကျင်းပခဲ့ပါသည်။ အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံသမားကြီးများနှင့် ကျောင်းသား ပြည်သူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲပြီး အလေးပြုခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသူများကို ကော်ဖီ၊ ဘိန်းမုန့်တို့နှင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ထို့နောက် အာဏာပိုင်တို့ရောက်ရှိလာပြီး ဗိုလ်ချုပ်ပုံအကျီ င်္များမ၀တ်ရန်နှင့် အာဇာနည်ကုန်းသို့ လမ်းလျှောက်ပြီး မချီတက်ရန် တားမြစ်ကာ၊ သွားလိုလျှင် ကားများစီစဉ်ပေးမည်ဖြစ်ကြောင်း ညှိုနှိုင်းပါသည်။ သို့သော် မည်သူမျှ အာဏာပိုင် များစီစဉ်ပေးသောကားများပေါ်သို့မတက်ဘဲ အာဇာနည်ကုန်းသို့ လမ်းလျှောက်သွားခဲ့ကြကြောင်း သိရပါသည်။ ပန်းခြင်း ကိုင်ပြီးလမ်းလျှောက်သွားသည်ကို အာဏာပိုင်များက ထပ်မံတားမြစ်ပြီး၊ ပန်းခြင်းမယူတော့သည့်အခါ ဆက်လက် သွားခွင့်ပြုခဲ့ကြောင်း သိရပါသည်။

အာဇာနည်ကုန်းသို့ တက်ရောက်သူ စုစုပေါင်း ၅၀၀ ခန့်ဖြစ်သွားခဲ့ပြီး၊ အာဇာနည်ကုန်းမှ ပြန်ဆင်းသောအခါ ဗိုလ်ချုပ်ကြေးရုပ်သို့ ဆက်လက်သွားရောက် အလေးပြုခဲ့ကြကြောင်း သိရပါသည်။

ABFSU(FAC)